Sunday, March 2, 2008

ပျော်နေတတ်မှာပါ..မောင်

လွမ်းတယ်မောင်……။
မောင် ထွက်ခွာသွားတဲ့လမ်းလေး
ခပ်ငေးငေးကြည့်ရင်း
အလွမ်းတွေနဲ့ အတိပါပဲ.. မောင်။



လွမ်းတယ်မောင်………။
မိုးတွေထဲ ကျွန်မတစ်ယောက်တည်းပေါ့
အသည်းကွဲမျက်ရည် မရောယှက်ဘူးနော်..
ခဏကြာတော့လည်း.. မောင်.. ကျွန်မကို မေ့လို့
ပျော်နေတတ်မှာပါ..မောင်။

လွမ်းတယ်မောင်……..။
မောင် ပြန်လာဦးမလား
ထားသွားမှတော့ နောက်လှည့်မကြည့်နဲ့တော့ မောင်ရယ်..
အထီးကျန်လမ်းပေါ်ကို ဖိတ်စဉ်ကာကျသွားတဲ့
ရင်ထဲက ပဲ့တင်ခတ် စကားလည်း
မောင်.. မကြားသိနိုင်တော့ပဲကွယ်..။

မောင့် ကို…..
…………..
သိပ်ချစ်တယ်မောင်……..။


1 ရင်ခတ်သံများ:

အိမ့်ချမ်းမြေ့ said...

ဂျစ်တူး - gyit_tu said...

(အထီးကျန်လမ်းပေါ်ကို ဖိတ်စဉ်ကာကျသွားတဲ့
ရင်ထဲက ပဲ့တင်ခတ် စကားလဲ)

မောင် ကဗျာက လွမ်းစရာ ။ အပေါ်က စာကြောင်းလေးအကြိုက်ဆုံးပဲ ။
6:25 AM

ခင်မင်းဇော် said...

ကျန်ရစ်ခဲ့တာလား
ချန်ရစ်ခဲ့တာလား
မကွဲပြားပေမဲ့
ကျောခိုင်းခဲ့ရတဲ့ မောင်..။
လေးရေ.....
ကမ္ဘာကြီါ်က လုံးတယ်ဆို
ကိုယ်တို့ ကိုယ့်လမ်းကို ဆက်လျှောက်ကြမယ်
(ဒီဂရီမပြောင်းလဲပဲ...။)
တနေ့ .......
မျက်နှာချင်းဆိုင် ဆုံတွေ့မယ်.....။

ဟိ.. မောင့်ကိုယ်စားရေးပေးတာမလေးရေ။
6:13 AM

Layma said...

ဟိုးတုန်းကတည်းက
နောက်ကသိမ်းဖက်လို့ 
ခေါင်းကိုမှေးယှက်လို့ 
“မောင့်” ကို “ချစ်တယ်”လို့ 
ပြောခဲ့ပါလား “လေး”ရယ်….။ ။
(မောင်)
2:19 AM

sisain said...

စကားပြေပြေလေးနဲ့ လွမ်းစရာလေးဗျာ-
5:35 PM

Chit Lay Pyay said...

ma yay, so touch. I read with my heart. Thank you for your poem
9:49 AM